ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသည့် မဟာဝိဇိတာရုံကျောင်းတိုက်ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
PUBLISHED - May 30, 2024
နေပြည်တော်၊ မေ ၃၀
မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ပဓာနနာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိ ဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီး သည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူ လျက်ရှိရာ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော် ကြီးအား ကျန်းမာရေးစစ်ဆေးပေးထားမှုများနှင့် လိုအပ် သည့်ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုမေးမြန်းရာ တာဝန်ရှိသူ များက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ်ရှား မှု လေ့ကျင့် ခန်းများလုပ်ဆောင်နိုင်ရေးတို့အတွက်ကိုလည်း ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ကျန်း မာရေးအခြေအနေသက်သာလာပြီး ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာတွင် အဆင်ပြေချောမွေ့စေရေး အတွက်လည်း လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေး သွားရန်နှင့် အခြားလိုအပ်သည်များကို အလေးထားမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဆရာ တော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူ တော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။
#PeopleMedia