ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီသွားရောက်ရန်လိုအပ်သူများအတွက် နိုင်ငံကူး လက်မှတ်အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးမည်
PUBLISHED - February 27, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အရေးကြီး/ အရေးပေါ်၊ ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်များ ဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူး လက်မှတ် အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။
၎င်းအပြင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘော သားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား အေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများ အနေဖြင့် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြား ရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ စာဖြင့်ကြိုတင်လျှောက်ထားပြီးပါက Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Green Channelဖြင့် လျှောက်ထားသူများသည် www.passport.gov.mm website တွင် ကြေညာထားသည့် အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈) နေပြည်တော် (ဖုန်း ၀၆၇-၃၄၁၁ ၅၈၀) လိပ်မူပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။
ပွဲစားများသည် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန်ငွေကြေးများပိုမိုတောင်းခံ၍ လိမ်လည်ဆောင်ရွက်ခြင်း များတွေ့ရှိရ၍ ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရေး သတိပြုသွားကြရန်လိုအပ်ကြောင်း သိရသည်။
#PeopleMedia