ကျန်းမာရေးဝန်ကြီးဌာနအထူးကုဆေးကုသရေးအဖွဲ့မှ မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ လူနာ ၅၄၉ ဦးတို့ကို ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေး
PUBLISHED - August 7, 2023
နေပြည်တော်၊ သြဂုတ် ၇
ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်ကာ ရန်ကုန်/မန္တလေးမှ အထူးကုဆေးကုသရေးအဖွဲ့များကို တိုင်းဒေသကြီး /ပြည်နယ်များသို့ စေ လွှတ်၍ ကွင်းဆင်းကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဩဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး တို့မှ နှလုံးရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ သွေးရောဂါပညာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ် ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွားရောက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေး အထူးကုဆေးရုံကြီး-တောင်ကြီးမြို့တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ်တွင် တောင်ကြီးမြို့ပေါ်သာမက ရှမ်းပြည်နယ်အတွင်းရှိ အခြား သော မြို့နယ်များမှလည်း လာရောက်ပြသနိုင်ရန် မြို့နယ်အလိုက် ဆေးရုံ/ ကျန်းမာရေးဌာနများမှတစ်ဆင့် ပြည်သူလူထုကို အသိပေးကာ ပြသရန်လိုအပ်မည့် လူနာများကို ကြိုတင်ကွင်းဆင်း ရှာဖွေခြင်းများ စနစ်တကျ ကြိုတင်ဆောင်ရွက်ခဲ့ခြင်းကြောင့် မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက် ပြသခဲ့ကြသည်။
ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ ၈၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၄၇ ဦး၊ ဦးနှောက်နှင့် အာရုံ ကြောဆေးကုသမှုဆိုင်ရာ ၇၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာ ခြောက်ဦး၊ ဆီးချိုနှင့် ဟော် မုန်းဆိုင်ရာ ၁၃၂ ဦး၊ သွေးရောဂါဆိုင်ရာ ၂၇ ဦး၊ အထွေထွေရောဂါဆိုင်ရာ ၁၀၂ ဦး၊ မျက်စိရောဂါလူနာ ခြောက်ဦး၊ သားဖွားမီးယပ် လူနာလေးဦး၊ အရိုးရောဂါလူနာ ၂၆ ဦး၊ ခွဲစိတ် ၂၉ ဦး၊ နား၊ နှာခေါင်း၊ လည် ချောင်းလူနာ သုံးဦး၊ သွားနှင့် ခံတွင်းလူနာတစ်ဦး၊ အရေပြားလူနာ လေးဦး၊ ကလေးလူနာ ရှစ်ဦး စုစုပေါင်းလူနာ ၅၄၉ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း ၄၃ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုခြင်း ၁၀ ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း နှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း တစ်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၀၃ ဦး၊ ဓာတ်ခွဲစမ်းသပ်သူ ၂၃၉ ဦး၊ သွေးချိုဓာတ်တိုင်းတာ ခြင်း ၁၁၅ ဦး၊ Ultrasound ရိုက်ကူးခြင်း ၇၄ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း ဦးရေ ၃၀၀၊ ဆီးချို ကြောင့် မျက်စိထိခိုက်မှု ရှိ မရှိစစ်ဆေးခြင်း ဦးရေ ၂၀၊ ဆီးချိုကြောင့် ခြေထောက်အာရုံကြော ထိခိုက်မှု ရှိ မရှိစစ်ဆေးခြင်း ဦးရေ ၂၀ တို့ကို စမ်းသပ်စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ တစ်ဦးကို ဦးနှောက်နှင့် အာရုံကြောဆေးကုဌာန၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ နှလုံးရောဂါ ဆက် လက်ဆေးကုသရန် လိုအပ်သောလူနာ တစ်ဦးကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် နှလုံးရောဂါခွဲ စိတ်ရန် လိုအပ်သောလူနာ တစ်ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia