• Follow Us on
Latest News

Home ကျားဖြန့်ဂိုဏ်းတွေနှိမ်နှင်းရာမှာ ကူညီဖို့ မြန်မာပြည်သူတွေကို ဝန်ကြီးချုပ်ဟောင်းသက်ဆင် တိုက်တွန်းလိုက်ပြီး ကျားဖြန့်တွေ ရှင်းလင်းသွားရင် လျှပ်စစ်နဲ့ အင်တာနက် ဝန်ဆောင်မှုတွေပြန်လည်ထောက်ပံ့မယ်လို့ ပြော

ကျားဖြန့်ဂိုဏ်းတွေနှိမ်နှင်းရာမှာ ကူညီဖို့ မြန်မာပြည်သူတွေကို ဝန်ကြီးချုပ်ဟောင်းသက်ဆင် တိုက်တွန်းလိုက်ပြီး ကျားဖြန့်တွေ ရှင်းလင်းသွားရင် လျှပ်စစ်နဲ့ အင်တာနက် ဝန်ဆောင်မှုတွေပြန်လည်ထောက်ပံ့မယ်လို့ ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀

 

နယ်စပ်တစ်လျှောက်မှာရှိနေတဲ့ ကျားဖြန့်ဂိုဏ်း (အွန်လိုင်းငွေလိမ်ဂိုဏ်း) တွေကို နှိမ်နှင်းရာမှာ ဝိုင်းဝန်းကူညီကြဖို့နဲ့ သက်ဆိုင်ရာနယ် မြေတွေအတွင်း ကျားဖြန့်ကွန်ရက်ကြီး အမြစ်ပြတ်ရှင်းလင်းသွားတာနဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ် အားနဲ့ အင်တာနက်ဝန်ဆောင်မှုတွေပြန်လည်ထောက်ပံ့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံက ပြည်သူတွေကို ထိုင်းဝန်ကြီး ချုပ်ဟောင်းသက်ဆင်ရှင်နာ ဝပ်က ပြောကြားလိုက်ပါတယ်။

 

မြန်မာနိုင်ငံကို လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုင်းရင်းသားပြဿနာတွေက ဒုက္ခပေးနေပြီး တချို့သူပုန်အုပ်စုတွေအ တွက် ရန်ပုံငွေတစ်စိတ်တစ်ပိုင်းဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှု ကွန်ရက်တွေကတစ်ဆင့် စီးဆင်းလာကြောင်း သက်ဆင်က ပြောပါတယ်။

 

“မူလအကြောင်းအရာရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ပြဿနာက ပြီးသွားမှာမဟုတ်ပါဘူး။ မြန်မာ နိုင်ငံထဲက ပြည်သူတွေအနေနဲ့ အဲဒီကျားဖြန့်ဂိုဏ်းတွေကို ဆက်လက်ထောက်ပံ့ခြင်းမပြုသင့်တော့ဘူးဆိုတာ သဘော ပေါက်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“နိုင်ငံတွင်းကနေ ကျားဖြန့်ဂိုဏ်းတွေ ရှင်းလင်းပြီးသွားပြီဆိုတာနဲ့ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း တွေ ကျွန်တော်တို့ ပြန်လည်ထောက်ပံ့သွားမှာဖြစ်ပါတယ်။” လို့ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ဦး ဆောင်နေတဲ့ အာဏာရဖီယူထိုင်းပါတီရဲ့ ခေါင်းကိုင်ဖခင် သက်ဆင်က ပြောပါတယ်။

 

ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အားဖြတ်တောက်လိုက်တဲ့အတွက် လာအိုနိုင်ငံထံက လျှပ်စစ်ဓာတ်အားဝယ်ယူဖို့ မြန်မာ နိုင်ငံဘက်က စီစဉ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အဆိုပါ ကျားဖြန့်ဂိုဏ်းတွေဆီ လျှပ်စစ်ဓာတ်အားမရောက် အောင် မြန်မာနိုင်ငံဘက်ကို ဖြတ်တောက်လိုက်တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံ ဆာခီယိုပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်းပက် မြို့က အဆောက်အဦတစ်ခုရဲ့ ၂၅ ထပ်အမြင့်မှာ အဓိကကျားဖြန့်ဂိုဏ်းတစ်ဂိုဏ်း လည်ပတ်လှုပ်ရှားနေတာကိုလည်း သတင်းရထားကြောင်း ၎င်းက ပြောပါ တယ်။

 

“ကျွန်တော်တို့ ကမ္ဘောဒီးယားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အဲဒီ အဆောက်အဦပိုင်ရှင် ဘယ်သူလဲဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ အဲဒီပုဂ္ဂိုလ်က ထိုင်းနိုင်ငံသားကတ်ကိုင် ဆောင်ထားတဲ့သူလည်း ဖြစ်တယ်။ အချိန်တန်ရင် သူ့ကို နိုင်ငံသားအဖြစ်ကနေ ပြန်လည်ရုပ်သိမ်းသွားမှာပါ။” လို့ သက် ဆင်က ပြောပါတယ်။

 

ကျားဖြန့်ဂိုဏ်းတွေရှိနေတယ်လို့ သံသယရှိတဲ့ မြန်မာနိုင်ငံထဲက နယ်မြေငါးခုကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်ဝန် ဆောင်မှုတွေနဲ့ လောင်စာဆီထောက်ပံ့နေတာတွေကို ထိုင်းနိုင်ငံက ဗုဒ္ဓဟူးနေ့က ဖြတ်တောက်လိုက်ပါတယ်။

 

မြန်မာဘက်ကလည်း လာအိုနိုင်ငံက လျှပ်စစ်ဓာတ်အားဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ကျားဖြန့်လုပ်ငန်းတွေကနေ ရာဇဝတ်မှုလုပ်ငန်းတွေ ပျံ့နှံ့လာပြီး ထိုင်းနိုင်ငံအတွက်သာမက တခြားနိုင်ငံတွေအတွက်ပါ ထိခိုက်နေတဲ့အတွက် အရေးယူဆောင်ရွက်ဖို့လိုအပ်လာတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ NSC က ဆုံးဖြတ်လိုက် ပြီးနောက်ပိုင်း အခုလို အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

Ref: Scammer fight ‘not yet over’

 

#PeopleMedia


Share this post