• Follow Us on
Latest News

Home ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော ချန်တာဝေ့အပါအဝင် တရုတ်နိုင်ငံသား ၂၀ ဦးတို့အား လွှဲပြောင်း ပေးအပ်

ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော ချန်တာဝေ့အပါအဝင် တရုတ်နိုင်ငံသား ၂၀ ဦးတို့အား လွှဲပြောင်း ပေးအပ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃၀

 

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ချန်တာဝေ့အပါအဝင် တရုတ်နိုင်ငံသား ၂၀ ဦးတို့အား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက် သမားများ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန်အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

 

အဆိုပါဖမ်းဆီးရမိသော ချန်တာဝေ့ပါ တရုတ်နိုင်ငံသား ၂၀ ဦးတို့အား တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ် လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post