ကျားဖြန့်အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ အာဆီယံနိုင်ငံတွေကို တရုတ်တိုက်တွန်း

PUBLISHED - January 17, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇
အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အွန်လိုင်းလောင်းစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နှင်းဖို့အတွက် ပြင်းပြင်း ထန်ထန် အရေးယူဆောင်ရွက်ဖို့လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ဇန်နဝါရီ ၁၆ ရက်နေ့ (ကြာသပ တေးနေ့) က ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာရှိနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေရဲ့ ပြဿနာအများအပြားက တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေကို ခြိမ်းခြောက်နေ သလို ထိခိုက်စေခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဝန်က ပြောပါတယ်။
နိုင်ငံပေါင်းစုံက ပြည်သူတွေသွားလာနေတဲ့နေရာကို ဘေးကင်းလုံခြုံတဲ့နယ်မြေတစ်ခုဖြစ်ဖို့ တရားဥပဒေစိုးမိုး ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ တရုတ်နိုင်ငံက လိုလိုလားလားဆန္ဒရှိနေ ကြောင်း ဒေသတွင်းနိုင်ငံတွေက သံတမန်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဝန်က ပြောပါတယ်။
လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အထိ တရုတ်နိုင်ငံက ကမ်းလှမ်းလာတာဟာ အရှေ့တောင်အာရှ ဒေသတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) နဲ့ လူကုန်ကူးမှုအပေါ် တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာကိုမီးမောင်း ထိုးပြလိုက်တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနဲ့ ထိုင်းနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံစလုံး ပေါင်းစပ်ညှိနှိုင်းမှုတွေမြှင့်တင်ဖို့အတွက်လည်း တရုတ်အစိုးရက အရေးပေါ်တောင်းဆိုကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Covid-19 ကပ်ရောဂါဘေးကာလမတိုင်ခင်က ဒေသတွင်းမှာ နှစ်စဉ် ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲခဲ့တဲ့ တရုတ် ကမ္ဘာလှည့်ခရီးသွားတွေဟာ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေအတွက် နိုင်ငံ့ဝင်ငွေရရှိရာ အဓိကအရင်းအမြစ် ကြီးတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဒုစရိုက်ဂိုဏ်းတွေက ထိန်းချုပ်ထားတဲ့ လူကုန်ကူး ခံရတဲ့ဖြစ်စဉ်တွေ အပေါ် စိုးရိမ်ပူပန်မှုတွေက အဲဒီခရီးသွားတွေကို အဆိုပါဒေသတွေကို မသွားရောက်ဖို့ ဟန့်တားစရာဖြစ်လာနိုင်ပါတယ်။
မကြာသေးခင်ကပဲ ရှင်းရှင်းအဖြစ် လူသိများတဲ့ တရုတ်သရုပ်ဆောင် ဝန်ရှင်း ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးမှုဟာ လူသိများခဲ့ပြီး လူကုန်ကူးခံရတာဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
ရှင်းရှင်းဟာ ပြန်လည်လွတ်မြောက်သွားပြီလို့ ပြောကြပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေဟာ တရုတ်နိုင်ငံသားတွေကို လစာကောင်းကောင်းပေးပြီး အစားအသောက် ကောင်းကောင်းကျွေးမွေးမယ်လို့ မက်လုံးပေးပြီး လေယာဉ်ခအကုန်အကျခံပြီး ထိုင်း-မြန်မာ နယ်စပ်က မြဝတီလိုမြို့ တွေဆီကို ဖြားယောင်းခေါ်ဆောင်သွားကြတယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြောစကားကို CCTV က ကိုးကားပြီး ဇန်နဝါရီ ၁၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်တဲ့ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်နေတဲ့ ဒီပြဿနာတွေဖြေရှင်းနိုင်ဖို့အတွက် အရှိန်မြှင့်ဆောင်ရွက်သွားဖို့ မူဝါဒချမှတ်သူတွေ တနင်္လာနေ့က ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ သဘော တူညီခဲ့ကြောင်း တရုတ်ဆင်ဟွာသတင်းဌာနက ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကျားဖြန့်လုပ်ကိုင်နေသူလို့ သံသယရှိသူ ၃၁၀၀၀ ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့သလို ထိုင်းနိုင်ငံကလည်း မြဝတီကျားဖြန့်အလုပ်ရုံမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကို လွှဲပြောင်းရေးမှာ အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ခဲ့ပါတယ်။
Ref: China urges Asean to fight cross-border crimes in show of new urgency
#PeopleMedia