ကျားဖြူစစ်ကြောင်းမှူးဖြစ်သူ ကိုဇွဲ လက်နက်နဲ့အတူ DKBA ထံ အလင်းဝင်
PUBLISHED - August 24, 2024
မြဝတီ၊ ဇူလိုင် ၂၄
KNU/NUG အဖွဲ့၏ လက်အောက်ခံအဖြစ် ရပ်တည်လှုပ်ရှားခဲ့သော ကျားဖြူစစ်ကြောင်းမှူးဖြစ်သူ ကိုဇွဲသည် လက်နက်နဲ့အတူ DKBA ထံ အလင်းဝင်လိုက်သည်။
ကိုဇွဲသည် လက်ရှိ၌ DKBA အဖွဲ့ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာ၌ နေထိုင်ကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဆက်သွယ်ပြောဆိုသည်။
“ကိုဇွဲကတော့ သူနဲ့အတူ သူ့အဖွဲ့တွေပါ အလင်းဝင်မယ်လို့ သတင်းတွေတော့ ရှိတယ်။ သူ့ကို လက်ခံတာက DKBA က စစ်ဒေသမှူး စိုင်းကျော်လှက ကြည့်ပေးထားတယ်။ သူက KNU/NUG အောက်ကနေ တရားဝင် နုတ်ထွက်ထားသူဖြစ်တယ်” လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုသည်။
DKBA သည် NCA လက်မှတ်ရေးထိုးထားသော ကရင့်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ၊ မြဝတီမြို့သိမ်းတိုက်ပွဲ၌ KNU အဖွဲ့နဲ့ ကိုဇွဲဦးဆောင်သည့် ကျားဖြူစစ်ကြောင်းတို့ သဘောထား ကွဲလွဲမှုများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။
#PeopleMedia