ကျိုက္ကဆံ Super One အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဓာတ်တိုင်များ ကျိုးသွား၍ မြို့နယ်အချို့ ဓာတ်အား ပြတ်တောက်
PUBLISHED - August 26, 2023
နေပြည်တော်၊ ဩဂုတ် ၂၆
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ် ကျိုက္ကဆံ Super One အနီးတွင် ဩဂုတ်လ ၂၅ ရက် နေ့၊ ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဓာတ်တိုင်များ ကျိုးသွား၍ မြို့နယ်အချို့ ဓာတ်အားပြတ်တောက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းသည် ဓာတ်တိုင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် 66kV ဓာတ်တိုင် (၃) တိုင်ကျိုး၍ အခြားဓာတ်တိုင် (၃) တိုင် ယိုင်သွားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အဆိုပါအပြစ်ဖြစ်ပွားမှုကြောင့် 66kV တာမွေဈေး (GIS)ခွဲရုံ၊ 66kV ကျိုက္ကဆံခွဲရုံ၊ 33kV နတ်ချောင်း ခွဲရုံ၊ 33kV ရာမကွင်းခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသော တာမွေ၊မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ သာကေတမြို့နယ်များ၏ ရပ်ကွက်၊ နေရာများတွင် ဓာတ်အားပြတ်တောက်လျှက်ရှိကြောင်း သိရ သည်။
#PeopleMedia