• Follow Us on

Home ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

မွန်ပြည်နယ် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ယခုနှစ် အောက်တိုဘာလတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပကအဖွဲ့မှ သိရသည်။

 

အောက်တိုဘာလ ၂၃ရက်နေ့မှ အောက်တိုဘာလ ၂၇ရက်နေ့အထိ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းချိန်တွင်လည်းရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရ သည်။

 

ဆွမ်းအိုးမျှောပွဲကို လပြည့်နေ့နံနက်၃နာရီချိန်မှစ၍ ရပ်ဝေး/ရပ်နီးများမှ မိမိတို့အစီအစဉ်ဖြင့်လာရောက်ကာ ဆွမ်းအိုးမျှောပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစတင်၍ သီ တင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့အောက်တိုဘာလ ၃၀ရက်နေ့မှ နိုဝင်ဘာလ ၃ရက်နေ့အထိကို  ဇာတ်သ ဘင်ပွဲ (ဗလာပွဲ)များကို ရေလယ်ဘုရားကုန်းတော်ပေါ်နှင့် မြို့လယ်ကျောက်တိုင်တို့တွင် ကပြသွားမှာဖြစ်ပြီး/ ရုံပွဲကိုလည်း ရေလယ်ဘုရားကုန်းတော်ပေါ်သီရိဇေယျာဇာတ်ရုံကြီးမှာ ကပြသွားမှာဖြစ်ကြောင်း သိရသည်။

 

အလွတ်တမ်းဘောလုံးပြိုင်ပွဲများကို(ဝင်ကြေးမရှိ)အခမဲ့ဖြင့် ဘောလုံးအသင်း (၈) သင်းတို့မှ မြို့မဘော်လုံးကွင်း တွင် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ကြောင်း သိရသည်။

 

ကျိုက္ခမီရေလယ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်တွင် ဈေးဆိုင်ခန်းများဖြင့် ရောင်းချလိုပါက သီတင်းကျွတ်လဆန်း (၁) ရက်နေ့ အောက်တိုဘာလ ၁၅ ရက် တနင်္ဂနွေနေ့မှစ၍ ဆိုင်ခန်းလျှောက်လွာများကို ဂေါပကအဖွဲ့ရုံးတွင် လာ ရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

 

#PeopleMedia


Share this post