• Follow Us on

Home ကျိုက်ထိုနှင့် အုတ်တွင်းတို့တွင် ကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

ကျိုက်ထိုနှင့် အုတ်တွင်းတို့တွင် ကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၄ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကျိုက်ထို မြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ မြဝတီဘက်သို့ ရဲမင်းအောင် မောင်းနှင်လာသည့် CHENG LONG TIPPER ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၂) ရွာမရပ်ကွက်၊ မြို့စိုးလမ်းရှိ ကျော်ဆွေပိုင်ဆိုင်သည့် မင်္ဂလာခန်းမ(၁)ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ဒသမ ၇ သိန်း၊ TOYOTA COROLLA AXIO မော်တော်ယာဉ် ၁ စီးတို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၆ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ် မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post