ကျိုက်ထိုမြို့တွင် ကျောင်းကြိုသည့် ရစဖမှူးဟောင်း သေနတ်ပစ်ခံရ၍ သေဆုံး
PUBLISHED - January 22, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာရှိ အ-ထ-က(မုပ္ပလင်)အနီးတွင် ရစဖမမှူးဟောင်း မှာ ၎င်း၏မြေးဖြစ်သူကို ကျောင်းကြိုရန်စောင့်နေစဉ်အတွင်း KNU/PDF များမှ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၃ နာရီကျော်တွင် မုပ္ပလင်ကျေးရွာတွင် နေထိုင်သည့် ရစဖမှူးဟောင်း ဦးတင်အေး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။
သေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် အသက်(၇၅)နှစ်အရွယ် ရစဖမှူးဟောင်း ဦးတင်အေးမှာ နောက်ကျော ကျည်ဖောက်ဝင်/ရှပ်ထိဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးသွားကြောင်း ရုပ်အလောင်းကို သိမ်ဇရပ် တိုက်နယ်ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းကလည်း မုပ္ပလင်ကျေးရွာတွင် ပြည်သူနှစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသည့် ဖြစ်စဉ် လည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia