• Follow Us on

Home ကျိုက်ထိုမြို့တွင် ခရီးသွား Express ယာဉ် ၁ စီး မိုင်းခွဲခံရမှုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့တွင် ခရီးသွား Express ယာဉ် ၁ စီး မိုင်းခွဲခံရမှုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယမန်နေ့ ည ၈ နာရီ ၄၀ မိနစ် အချိန်က ခရီးသွား Express ယာဉ် ၁ စီး မိုင်းခွဲခံရမှုကြောင့် လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ မော်လမြိုင်မြို့ဘက်သို့မောင်းနှင်လာပြီး ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း PT Power စက်သုံးဆီ အရောင်းဆိုင်အနီးတွင် တပ်မဟာ ၁ လက်အောက်ခံ အကြမ်း ဖက် KNU/PDF များမှ အောင်ကျော်မိုး ခရီးသွား Express ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည် သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post