• Follow Us on
Latest News

Home ကျိုက်ထိုမြို့တွင် တံမြတ်စည်းလှည်းတံများ ခုတ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

ကျိုက်ထိုမြို့တွင် တံမြတ်စည်းလှည်းတံများ ခုတ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကျေးရွာတော်စပ်အနီးတွင် တံမြတ်စည်းလှည်းတံများ ခုတ်သည့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၈ ရက် နေ့လည်ခင်းအချိန်းတွင် ဝါးဒတ်ကွင်းကျေးရွာတွင် နေသည့် အမျိုးသားမှာ ထိုကျေး ရွာတောစပ်အနီးတွင်ရှိသည့် တံမြတ်စည်းလှည်းတံများကို ချိုးရာတွင် PDF များထောင်ထားသည့် မြေမြှုပ်မိုင်း အား နင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသည့် အသက်(၂၈)နှစ်အရွယ် ရန်နိုင်စိုးမှာ ဘယ်ဘက်ခြေသလုံးပြတ်၊ ညာဘက်ခြေသလုံး ပေါက်ပြဲ၊ ဘယ်ဘက်မေးရိုး ပေါက်ပြဲ၊ ယောက်ျားအင်္ဂါ ပေါက်ပြဲဒဏ်ရာများရရှိ၍ သိမ်ဇရပ်တိုက်နယ်ဆေးရုံမှ ပဲခူးပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post