• Follow Us on

Home ကျိုက်ထိုမြို့တွင် ထမင်းစားသူနှင့် ကွမ်းယာဝယ်သူတို့ ကျည်ထိမှန်၍ သေဆုံး

ကျိုက်ထိုမြို့တွင် ထမင်းစားသူနှင့် ကွမ်းယာဝယ်သူတို့ ကျည်ထိမှန်၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့တွင် ထမင်းစားနေသည့် အမျိုးသမီးတစ်ဦးနှင့် ကွမ်းဝယ်သည့် အမျိုး သားတစ်ဦးတို့ ကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာ၊ ဗလီစုရပ်တွင်နေထိုင်သည့် ဦးညီညီလွင်မှာ မုပ္ပလင်ဈေးသို့ မော်တော်ဆိုင်ကယ်ဖြင့် ကွမ်းယာသွားဝယ်နေစဉ် ထိုနေရာသို့ PDF များ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားရာ ထိုအမျိုးသားကို ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

 

အလားတူ ထိုပစ်ခတ်ခံရသည့်နေရာအနီးရှိ နေအိမ်တံခါးပေါက်တွင် ထမင်းစားနေသည့် မနှင်းရည်ထွေးမှာ PDF များ၏ ပစ်ခတ်မူကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post