ကျိုက်ထိုမြို့တွင် ဖောက်ခွဲရေးသုံးဒီတိုနေတာ အချောင်းသုံးသောင်း ဖမ်းဆီးရမိပြီး ယာဉ်မောင်းထွက်ပြေး

PUBLISHED - September 20, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ စွပ္ပနူးကျေးရွာအနီး၊ မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်းကွင်းလမ်း တွင် ဖောက်ခွဲရေးသုံးဒီတိုနေတာ အချောင်းသုံးသောင်းကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိပြီး ယာဉ်မောင်းအမျိုး သားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ဆေးရေးဂိတ်အနီးတွင် Toyota Dyna အဖြူရောင် ယာယဉ်မှ ရပ်တန့်ထားစဉ် ထိုယာဉ်ကိုလုံခြုံရေးတပ်ဖွဲ့များမှ စစ်ဆေးရာ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုယာဉ်ထဲ၌ ဆာလာအိတ်အတွင်းထဲတွင် အကြည်ရောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသည့် လျှပ်စစ် သုံးဒီတိုနေတာ အချောင်းသုံးသောင်းအား တွေ့ရှိခဲ့ကြောင်း၊ ထိုယာဉ်အားမောင်းနှင်သည့် အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ပြီး ယာဉ်နောက်လိုက်နှင့် လမ်းပြသည့် အမျိုးသား (၂) ဦးတို့မှာ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia