• Follow Us on
Latest News

Home ကျိုက်ထိုမြို့တွင် မျောခုတ်နေသည့် ဇနီးမောင်နှံနှစ်ဦး မိုင်းပေါက်ကွဲ၍ အမျိုးသားသေဆုံးပြီး၊ အမျိုးသမီး ဒဏ်ရာရ

ကျိုက်ထိုမြို့တွင် မျောခုတ်နေသည့် ဇနီးမောင်နှံနှစ်ဦး မိုင်းပေါက်ကွဲ၍ အမျိုးသားသေဆုံးပြီး၊ အမျိုးသမီး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာရှိ ကျွဲကောခြံအတွင်း မျောခုတ်နေသည့် ဇနီး မောင်နှံနှစ်ဦး မိုင်းပေါက်ကွဲ၍ အမျိုးသားသေဆုံးပြီး၊ အမျိုးသမီးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၁:၅၀ အချိန်တွင် PDF များထောင်ထားသည့် လက်လုပ်မိုင်း (၂) လုံးကို မျောခုတ်နေသည့် ဇနီးမောင်နှံနှစ်ဦးများ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာပြင်းထန်ရရှိသည့် ဇနီးမောင်နှံနှစ်ဦးမှာ ကျိုက်ထိုဆေးရုံ၌ ဆေးကုသနေစဉ် အမျိုးသားဖြစ်သူမှာ ဆေးကုသနေစဉ် သေဆုံး၍ အမျိုးသမီးဖြစ်သူမှာ ဆေးကုသနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post