• Follow Us on
Latest News

Home ကျိုက်ထိုမြို့နယ်တွင် တပ်မတော်နှင့် KNU/PDF တို့တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်များထံမှ အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကျိုက်ထိုမြို့နယ်တွင် တပ်မတော်နှင့် KNU/PDF တို့တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်များထံမှ အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဇွန် ၂၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာအနီးတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော် အချိန်က တပ်မတော်နှင့် KNU/PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် KNU တပ်မဟာ(၁) လက်အောက်ခံ KNU/PDF များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် KNU/PDF များ အထိနာပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ထိတွေ့မှုဖြစ်စဉ်မှ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊  M-16 ပုံပြောင်း M-4 carbine ၁ လက် ၊ M-4 အမျိုးစား သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခုနှင့် ကျည် ၄၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post