• Follow Us on

Home ကျိုက်ထိုမြို့နယ်တွင် ဒုဗိုလ်မှူးကြီး(ငြိမ်း)အပါအဝင် မိသားစု ၃ ဦးအား PDF မှ သတ်ဖြတ် ဇနီးဖြစ်သူ သေဆုံး

ကျိုက်ထိုမြို့နယ်တွင် ဒုဗိုလ်မှူးကြီး(ငြိမ်း)အပါအဝင် မိသားစု ၃ ဦးအား PDF မှ သတ်ဖြတ် ဇနီးဖြစ်သူ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်တွင် စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် ဒုဗိုလ်မှူးကြီး(ငြိမ်း)နှင့် မိသားစုဝင် ၃ ဦးအား PDF မှ သေနတ်ဖြင့် ပစ်ခတ်ကာ သတ်ဖြတ်သွားကြောင်း သိရသည်။

 

ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်နေသူ ဒုဗိုလ်မှူးကြီး(ငြိမ်း) ဦးအောင်လွင် ၄၈ နှစ်(ကျိုက်ထိုမြို့နယ် YMBA အဖွဲ့ဝင်) ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးနှင့် သားဖြစ်သူ မောင်အောင်ငြိမ်းမာန်ကို ကျောင်းကြိုပြီး နေအိမ်သို့ ကိုယ်ပိုင်ယာဉ်ဖြင့် ပြန်လာစဉ် ဆိုင်ကယ်၁စီးဖြင့် PDF ၂ ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦး အောင်လွင်တွင် ယာဘက် လက်ခုံဒဏ်ရာ၊ ဇနီးဒေါ်ခင်စန္ဒာစိုးတွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေ ဆုံးသွားခဲ့ပြီး၊ ၎င်းတို့၏ သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တွင် ယာဘက်မျက်လုံးဖေါက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

 

ပစ်ခတ်ခံရသည့် ဦးအောင်လွင်သည် ဒုဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း အတွင်းရေးမှူးဖြစ်ကြောင်း၊ ၎င်းအား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှ ဝိုင်အမ်ဘီအေဂုဏ် ရည်ဘွဲ့ကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post