• Follow Us on

Home ကျိုက်ထိုမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

ကျိုက်ထိုမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာန ချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူ ၉၄၁ ဦးအား ယာယီ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိ သည့် ဇေယျာမွန်ရပ်ကွက်ရှိ တောရ ရွှေဂူကျောက်တွင်းဘုန်းတော်ကြီးကျောင်း၊ ကော့စံနိုင်ရပ်ကွက်ရှိ တောရ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်းသို့  ရွှေ့ပြောင်း ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ကျိုက်ထိုတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ အောက်တိုဘာ ၈ ရက်တွင် မိုးသည်းထန်စွာရွာ သွန်းခဲ့သဖြင့် ဥက္ကံချောင်းရေများ မြင့်တက်လာ မှုကြောင့် အဆိုပါမြို့ရှိ ဥက္ကံရွာမကျေးရွာအုပ်စု၊ ရင်းတိုက်လေး ပင်ကျေးရွာအုပ်စုနှင့် မင်းရဲကျော်စွာရပ်ကွက်တို့မှ ရေဘေးသင့်ပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ရေဘေးကင်းလွတ်သည့် နေရာများသို့ ကူညီကယ်ဆယ် ရွေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယမန်နေ့တွင် တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post