• Follow Us on

Home ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းရဲစခန်းအား KNU/PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်၊ လူထိခိုက်မှု မရှိ

ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းရဲစခန်းအား KNU/PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်၊ လူထိခိုက်မှု မရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်ကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းအား ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က KNU/PDF ပူးပေါင်းအဖွဲ့မှ Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

KNU/PDF ပူးပေါင်းအဖွဲ့မှ Drone ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကင်မွန်းချောင်းနယ်မြေရဲစခန်း အနောက် ဘက်တွင် ဗုံး ၁ လုံး၊ နေအိမ်လိုင်းခန်းတွဲ ပေ ၂၀ ခန့်အကွာ ညောင်ပင်ပေါ်တွင် ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post