• Follow Us on
Latest News

Home ကျိုက်ထိုမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအနီးရှိ စစ်သွေးကြွ မွန် PDF စခန်းကို လေကြောင်းရှင်းလင်းမှု ပြုလုပ်၊ ထိခိုက် သေဆုံးမှုများပြားကြောင်း စစ်သွေးကြွ မီဒီယာများ ဝန်ခံ

ကျိုက်ထိုမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအနီးရှိ စစ်သွေးကြွ မွန် PDF စခန်းကို လေကြောင်းရှင်းလင်းမှု ပြုလုပ်၊ ထိခိုက် သေဆုံးမှုများပြားကြောင်း စစ်သွေးကြွ မီဒီယာများ ဝန်ခံ

Share this post

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃

 

ယနေ့ နံနက် ၁၁း၁၅ အချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအနီးရှိ စစ်သွေးကြွ မွန် PDF စခန်းကို တပ်မတော်က လေကြောင်းရှင်းလင်းမှု ပြုလုပ်ရာ ထိခိုက် သေဆုံးမှုများပြားကြောင်း စစ်သွေးကြွ မီဒီယာများက ဝန်ခံခဲ့သည်။

 

တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းမှုကြောင့် စစ်သွေးကြွ မွန် PDF ၄ ယောက် သေဆုံးပြီး ထိခိုက်မှု များပြားခဲ့ကြောင်း စစ်သွေးကြွ မီဒီယာများက ဝန်ခံထားသည်။

 

“ဒီရွာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာပါ။ စခန်းကို ကြဲတာပါ။ မွန် PDF တွေ ထိခိုက် သေဆုံးတာတွေ များတယ်။ ထိခိုက်သူတွေကို KNU တပ်မဟာ ၁ ကို ပို့ပြီး ဆေးကုသဖို့ လုပ်နေတယ်။  တော်တော် သေကုန်တယ်။ တစ်ကြောလုံးက တရားမဝင် ရွှေလုပ်ကွက်တွေနဲ့ ပြည့်နေတာ” လို့ အဆိုပါ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောဆိုသည်။

 

ဖြစ်စဉ်၌ မွန် PDF အဖွဲ့ဝင်အများအပြား သေဆုံးသလို ထိခိုက် ဒဏ်ရာရရှိမှုများစွာ ရှိကြောင်း ပြောသည်။

 

#PeopleMedia


Share this post