ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာတွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - November 8, 2023
နေပြည်တော်၊ နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ ယမန့်နေ့၊ ည ၉ နာရီခွဲအချိန်ခန့် တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ ကိုလွမ်းဝေ(ခ)ကိုစိုးဝင်းထွန်း၊ ၄၃ နှစ်သည် ခလွန်-စွပ်ပူးသွား ရထားလမ်းအနီး၌ရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် ကိုလွမ်းဝေ၌ ယာဘက်လည်ဂုတ်အနီး ကျည်ဖောက်ဝင်းဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်းရင်း ၁ ချက်တို့(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် နီးစပ်ရာ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia