ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်သွေးကြွများ အစည်းအဝေးပြုလုပ်နေစဉ် တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း၊ စစ်သွေးကြွ အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြား

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် စစ်သွေးကြွများ အစည်းအဝေးပြုလုပ်နေစဉ် တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့သည်။
ဖေဖော်ဝါရီလ (၁၃)ရက် နံနက် (၁၁)နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် စစ်သွေးကြွ အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေချိန်၌ တပ်မတော်မှ လေကြောင်းဖြင့် ပေါင် (၂၀၀)ဗုံး(၄)လုံးကြဲချကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် အစည်းအဝေးတက်ရောက်နေသည့် စစ်သွေးကြွ အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့သည်။
ယင်းနောက် တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းပြီးနောက် အဆိုပါ စစ်သွေးကြွ အစည်းအဝေးနေရာသို့ ဒရုန်းများဖြင့် ဗုံးသီး (၆)လုံး ကြဲချကာ ထပ်မံရှင်းလင်းခဲ့သည်။
အဆိုပါ စစ်သွေးကြွ အစည်းအဝေးကို မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းမှ စစ်သွေးကြွ အဖွဲ့ဝင် အများအပြား တက်ရောက်ခဲ့ကြောင်း စစ်သွေးကြွအဖွဲ့များမှ ထုတ်ပြန်ထားသည်။
အလားတူ ဖေဖော်ဝါရီလ (၁၃)ရက် ညနေ (၄)နာရီခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာရှိ စစ်သွေးကြွ အဖွဲ့ဝင်များ၏ စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးသီး တစ်လုံးကြဲချကာ ရှင်းလင်းခဲ့သည်။
Photo – တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့သည့် ကော်ကပ်ကျေးရွာ စစ်သွေးကြွစခန်း
#PeopleMedia