• Follow Us on
Latest News

Home ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦးကို စစ်သွေးကြွတွေ သတ်ဖြတ်

ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦးကို စစ်သွေးကြွတွေ သတ်ဖြတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၄

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သားအဖနှစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ (၂၃)ရက် ည (၈)နာရီခွဲအချိန်က မုက္ခမူကျေးရွာနေ ဦးမြင့်အောင်နှင့် သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေတို့ သားအဖနှစ်ဦးသည် နေအိမ်တွင်ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၄)ဦးသည် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင် (၄)ဦးသည် ဦးမြင့်အောင်တို့ သားအဖအား သေနတ်ဖြင့် (၈)ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ဦးမြင့်အောင်တို့ သားအဖနှစ်ဦးသည် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးမြင့်အောင်သည် ကြံခိုင်ရေးပါတီ ရပ်ကျေးအတွင်းရေးမှူးဖြစ်ပြီး သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေကတော့ ကြံ့ခိုင်ရေးပါတီ လူငယ်ရေးရာအဖွဲဝင်တစ်ဦးဖြစ်သည်ဟု သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက်ကလည်း သထုံမြို့နယ်၊ ဂေါ့ကျေးရွာက သထုံခရိုင်တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့နှစ်ဦးကို စစ်သွေးကြွ အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်တွင် သေဆုံးသွားသည်။

 

#PeopleMedia


Share this post