ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ရှိ ရိုးရိုးလေးဟိုတယ်၌ မီးလောင်မှုဖြစ်ပွား

PUBLISHED - August 2, 2023
နေပြည်တော်၊ ဩဂုတ် ၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် စတိုခန်းမမီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
#PeopleMedia