ကျိုက်ဒုံမြို့၌ KNU ခြေကုပ်ယူထားတဲ့ နေရာကို တပ်မတော်မှ ဗုံးကြဲရှင်းလင်း

PUBLISHED - January 22, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ KNU ခြေကုပ်ယူထားသည့် မီးသတ်စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ (၂၂)ရက် နံနက် (၇)နာရီခွဲခန့်က ကျိုက်ဒုံမြို့ပေါ်ရှိ KNU အဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် မီးသတ်စခန်းကို တပ်မတော်မှ ဗုံးကြဲရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် ကျိုက်ဒုံမြို့ အမှတ် (၅)ရပ်ကွက်ရှိ KNU အဖွဲ့ဝင်များ ခြေကုပ်ယူရာ မီးသတ်စခန်း အဆောက်အအုံ တစ်ခုလုံးနီးပါး ပြိုကျပျက်စီးသွားပြီး KNU အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
#PeopleMedia