• Follow Us on

Home ကျိုက်မရောမြို့တွင် ကုန်စုံလုပ်ငန်းများလုပ်ကိုင်သည့် အမျိုးသားတစ်ဦး သေဆုံး

ကျိုက်မရောမြို့တွင် ကုန်စုံလုပ်ငန်းများလုပ်ကိုင်သည့် အမျိုးသားတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၉

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့၊ ဖက်တေးကုန်းရွာရှိ နေအိမ်တွင် ကုန်စုံဆိုင်လုပ်ငန်းများ ဖွင့်လှစ်ထားသည့် အမျိုးသားတစ်ဦးကို PDF များမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၈ ရက် ညနေ ၄ နာရီကျော်တွင် ချောင်းနှစ်ခွ-မုဒုံသွားသည့် ကားလမ်းမဘေးရှိ ဖက်တေး ကုန်းရွာသို့ PDF များရောက်ရှိလာပြီး ထိုကျေးရွာတွင် နေထိုင်သည့် ကိုမောင်မောင်ကို ဒလန်လို့စွတ်စွဲပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ယင်းသေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ကိုမောင်မောင်၏ ရင်ညွှန့်နှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိ မှန်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post