• Follow Us on
Latest News

Home ကျိုက်မရောမြို့တွင် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ ဒဏ်ရာရရှိ

ကျိုက်မရောမြို့တွင် အမျိုးသားတစ်ဦး ကျည်ထိမှန်၍ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့၊ မရမ်းကုန်းကျေးရွာအထွက်တွင် အမျိုးသားတစ်ဦး ကျည်ထိ မှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၂ ရက် နေ့လည် ၁၂ နာရီခန့်တွင် ကျွန်းရွာကျေးရွာတွင် နေသည့် ဦးသီဟအောင်မှာ မရမ်းကုန်း ကျေးရွာအနီးတွင် ၎င်းတို့မိသားစုပိုင်ဆိုင်သည့် ရာဘာခြံရှိ တဲအိမ်အား ပြုပြင်ပြီး ၎င်းနေထိုင်သည့် နေအိမ်သို့ အပြန် မရမ်းကုန်းကျေးရွာအထွက်တွင် PDF များ၏ပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ထို PDF များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် ဦးသီဟအောင်မှာ ညာဘက်ဒူးနှင့် ဘယ်ဘက်လက်မောင်း တို့တွင် ကျည်ထိဒဏ်ရာများရရှိပြီး ၎င်းမှာ ကျိုက်မရောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိ ရသည်။

 

Photo – Credit

 

#PeopleMedia


Share this post