• Follow Us on
Latest News

Home ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့၌ သိန်း ၇၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့၌ သိန်း ၇၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၁၄

 

ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့၌ ကျပ်သိန်း ၇၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၉ နာရီ မိနစ် ၄၀ တွင် ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျော်ကျော်ထက်အောင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြားကိုးပြား (တစ်ပြား လျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၃၀၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆိုပါနေရာ၌ သက်ကျော်ဦး မောင်းနှင်လာသည့် LIFAN အမျိုးအစားမော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၄၀၊ အလေးချိန် ၄၉ ကီလို (တစ်ကီလိုလျှင် သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ်သိန်း ၇၃၅၀) ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ နိုင်လင်း (ခ) စိုင်းညီအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ (တစ်ပြားလျှင် ၇၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၁ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

သို့ဖြစ်၍ ၎င်းတို့ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

 

#PeopleMedia


Share this post