• Follow Us on
Latest News

Home ကျိုင်းတုံမြို့တွင် မော်တော်ဆိုင်ကယ်ပေါ်မှ ကျပ်သိန်း၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကျိုင်းတုံမြို့တွင် မော်တော်ဆိုင်ကယ်ပေါ်မှ ကျပ်သိန်း၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် မော်တော်ဆိုင်ကယ်ပေါ်မှ ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)ရှိ ဟိုတယ်ကားပါကင်ဝင်းအတွင်း အိုက်ရီ မောင်းနှင်ပြီး အိုက်ဆမ်(ခ)အိုက်ရွက် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွ ကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀၀ )နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ၁၇၀၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ စိုင်းဖတ် နှင့် အိုက်ဆမ် တို့အား ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)၊ ဟောင်ခုမ့်လမ်းတွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အိုက်ရီ(၃၉)နှစ်၊ အိုက်ဆမ် (ခ)အိုက်ရွက်(၃၈)နှစ်၊ စိုင်းဖတ်(၂၆)နှစ် နှင့် အိုက်ဆမ်(၂၈)နှစ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#Newvisionmedia


Share this post