• Follow Us on

Home ကျိုင်းတုံမြို့တွင် PDF အရှင် (၃) ဦးအား တူရကီနိုင်ငံထုတ်ပစ္စတိုသေနတ်နှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိ

ကျိုင်းတုံမြို့တွင် PDF အရှင် (၃) ဦးအား တူရကီနိုင်ငံထုတ်ပစ္စတိုသေနတ်နှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမှ မိုင်းခတ်သို့မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာတွင် PDF အရှင် (၃) ဦးအား တူရကီနိုင်ငံထုတ်ပစ္စတိုသေနတ်နှင့်အတူ ဆက်စပ်ပစ္စည်းများကို လုံ ခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျိုင်းတုံမှ မိုင်းခတ်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေးရာတွင် မော်တော်ယာဉ်ထဲ၌ လက်နက်ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ များမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည်များမှာ PDF အရှင် (၃) ဦး၊ တူရကီနိုင်ငံထုတ်ပစ္စတို ၁၀ လက်၊ ချက်စ်နိုင်ငံထုတ် ပစ္စတို ၁ လက်၊ အမေရိကန်နိုင်ငံထုတ် ခြောက်လုံးပြူး ၁ လက်၊ အမေရိကန်နိုင်ငံထုတ် ပစ္စတို- ၁ လက်၊ ကျည်မျိုးစုံ- ၅၅၀ တောင့်၊ စိတ်ကြွဆေးပြား- ၄၀၀၀ ပြားနှင့် ဖုန်း- ၃လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post