• Follow Us on

Home ကျိုင်းတုံမြို့နယ်တွင် NISSAN ၁၂ ဘီးယာဉ်ပေါ်မှ ကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၆၀၃ ကီလို ဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်တွင် NISSAN ၁၂ ဘီးယာဉ်ပေါ်မှ ကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၆၀၃ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် NISSAN ၁၂ ဘီးယာဉ်ပေါ်မှ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်း-ကျိုင်းတုံသွားကားလမ်း၊ ကျိုင်းဖောင်းရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦး မောင်းနှင်လာသည့် NISSAN ၁၂ ဘီးယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းအိတ်များ ဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၈၂၄ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၆၀၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့မှ တာချီလိတ် မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post