• Follow Us on

Home ကျိုင်းတုံလေဆိပ်အား တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌပြော

ကျိုင်းတုံလေဆိပ်အား တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌပြော

Share this post

နေပြည်တော်၊ မေ ၁၃

 

ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကျိုင်းတုံလေဆိပ်အား တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံ တို့နှင့် တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များ၌ ဝေးကွာသည့် နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြု လာပြီဖြစ်တာကြောင့် မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည် အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း န-စ-က ဥက္ကဋ္ဌက ပြောကြားသည်။

 

ယင်းနောက်တွင် လေဆိပ်အသစ်တည်ဆောက်ခြင်းနှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင် ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ရာသီဥတုတွင်မဆို လေယာဉ်များဆင်းသက်နိုင် ရန် လေယာဉ်ပြေးလမ်းအတွက် လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်း တည် ဆောက်သွားရန်လိုကြောင်း န-စ-ကဥက္ကဋ္ဌက ထပ်မံပြောကြားသည်။

 

ကျိုင်းတုံဒေသတွင် ခရီးသွားများကို ဆွဲ‌ဆောင်နိုင်သော သာယာလှပသည့် သဘာဝပတ်ဝန်းကျင် ရေ၊ မြေ၊ တော၊ တောင်များကို ပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၊ အသစ်ပြန်လည်တည်ဆောက်ထားသော ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေ တောင်စခန်းမြို့နှင့် အခြား လည်ပတ် နိုင်သည့် နေရာများစွာရှိကြောင်း၊ အလားတူ ကျိုင်းတုံမြို့တွင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်လုပ်ကုန်များ ကို ထုတ်လုပ်လျက်ရှိကြောင်း၊ ကျိုင်းတုံလေယာဉ်ကွင်းအား အဆင့်မြှင့်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post