ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတွင် ၁၂ ဘီးယာဉ်နှင့် Toyota Succeed ယာဉ်တို့တိုက်မိပြီး မီးလောင်မှုဖြစ်ရာမှ လူ ၆ ဦး သေဆုံး

PUBLISHED - July 15, 2024
နေပြည်တော်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ်ပြည် ထောင်စုလမ်းမကြီးတွင် ယနေ့ နံနက် ၈ နာရီ ၄၅ အချိန်က ၁၂ ဘီးယာဉ်နှင့် Toyota Succeed ယာဉ်တို့ တိုက်မိပြီး မီးလောင်မှုဖြစ်ရာမှ လူ ၆ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ကျေးရွာအနီး၊ ကျိုင်းတုံ-တာချီလိတ်ပြည် ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁/၄)နှင့်(၁၁/၅)ကြားတွင် (၁၂)ဘီးယာဉ်နှင့် Toyota Succeed ယာဉ်တို့ တိုက်မိပြီး Toyota Succeed ယာဉ်သည် မီးလောင်မှုဖြစ်ပွားကြောင်းနှင့် (၁၂)ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၂၅ အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် Toyota Succeed ယာဉ်ပေါ်မှ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၆)ဦး သေဆုံးနှင့် (၁၂)ဘီးယာဉ်မှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား တိုင်းနေလူမှုကူညီရေးအသင်း ယာဉ်ဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia