• Follow Us on
Latest News

Home ကျုံပျော်မြို့တွင် ဘောလုံးပွဲအားပေးပြီး ပြန်လာသည့် ရာအိမ်မှူး (၂) ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

ကျုံပျော်မြို့တွင် ဘောလုံးပွဲအားပေးပြီး ပြန်လာသည့် ရာအိမ်မှူး (၂) ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

ဧရာဝတီတိုင်းဒေကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မဂူရိုးရွာလယ်လမ်းတွင် ဘောလုံးပွဲအားပေးပြီး မော်တော် ဆိုင်ကယ်ဖြင့် ပြန်လာသည့် ရာအိမ်မှူး (၂) ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဇရပ်ဆိပ်ကျေးရွာတွင် ကျင်းပသည့် ဘောလုံးပွဲအားပေးပြီး မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာသည့် ရာအိမ်မှူးနှစ်ဦးမှာ မဂူရိုးကျေးရွာ ရွာလယ်လမ်းတွင် ၎င်းတို့မော် တော်ဆိုင်ကယ်အနောက်၌ လိုက်ပါမောင်းနှင်လာသည့် PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိ ရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် မဂူရိုးကျေးရွာရှိ အသက် (၄၆) နှစ်အရွယ် ရာအိမ်မှူး ဦးသန်းမင်းအောင်မှာ ညာဘက်ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ညာဘက်ခါးကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ တလိုင်းကုန်းကျေးရွာမှ အသက် (၆၁) နှစ်အရွယ် ရာအိမ်မှူး ဦးငွေသိန်းမှာ ညာဘက်ခါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဘယ်ဘက်ပေါင်တွင်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post