ကျောက်ဆည်မြို့တွင် ဆီသယ်ယာဉ်မီးလောင်မှုဖြစ်ပွား
PUBLISHED - December 8, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းတွင် ဒီဇင်ဘာ ၈ ရက်နေ့၊ နံနက် ၇ နာရီ ၅၉ အချိန် က ဆီသယ်ယာဉ် (၁) စီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၄)စီး၊ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ တံတားဦးမြို့နယ်မီးသတ် စခန်းမှ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၉နာရီ ၃၀ အချိန် မီးငြိမ်းခဲ့ကြောင်း သိရ သည်။
ဆက်လက်ပြီး ယနေ့ နံနက် ၉ နာရီ ၃၅ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော် ကုန်းကျေးရွာအနီး၊ ပဲခူးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၃၃/၄)တွင် ဆီသယ်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia