• Follow Us on
Latest News

Home ကျောက်ဆည်မြို့တွင် အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်၌ သတ်ဖြတ်ခံရ

ကျောက်ဆည်မြို့တွင် အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်၌ သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မှိုင်းပန်ရေကြည်ရွာတွင် နေထိုင်သည့် အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦးကို PDF များမှ ဓားဖြင့်ထိုးသတ်ပြီး သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရ သည်။

 

မကြာသေးမီရက်ပိုင်းက PDF များမှ မှိုင်းပန်ရေကြည်ရွာသို့ 7 STAR People Revolution Force Kyause PDF အဖွဲ့မှ ထိုကျေးရွာတွင် နေထိုင်သည့် ဦးအောင်ဇော်၏ နေအိမ်သို့ ရောက်ရှိလာပြီး သတ်ဖြတ်လိုက်ကြောင်း ထိုအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားမှာ အသက် (၆၀) နှစ်အရွယ် ဦးအောင်ဇော်ကို PDF များမှ ဓားဖြင့် မသေမရှင် ထိုးသတ်၍ သေနတ်ဖြင့် ပစ်ခဲ့သော့ကြောင့် ဒဏ်ရာများမှာ ညာဘက်နားထင်၊ ဘယ်ဘက်နဖူး၊ ဘယ်ဘက်မေး စေ့၊ ဘယ်ဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ ၂ ချက် (စုစုပေါင်းဒဏ်ရာ ၉ ချက်)တို့ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post