• Follow Us on

Home ကျောက်ဆည်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်အတွင်းမှ ကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၅၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိ

ကျောက်ဆည်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်အတွင်းမှ ကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၅၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မေ ၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်အတွင်းမှ ငွေကျပ် ၁၀၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသ ကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ သံရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည် ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက် ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းတို့ ၂ ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် သတိပေး ပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင် မှာ သေနတ်ဒဏ်ရာ ၁ ချက်ရရှိကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါဆီဘောက်ဆာယာဉ်၏ ဆီများထည့်သည့် အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅ တန်)သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီး သို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post