• Follow Us on
Latest News

Home ကျောက်ဆည်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့အား PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ခတ်

ကျောက်ဆည်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့အား PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းဆုံနေရာ၌ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား PDF အဖွဲ့ဝင်များမှ လက် လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇန်နဝါရီလ (၂၂) ရက်က ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီးရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အား အနက်ရောင် မော်တော်ယာဉ်ပေါ်မှ PDF အဖွဲ့ဝင်များသည် လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ပြီး ကူမဲ ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

 

PDF အဖွဲ့ဝင်များ ပစ်ပေါက်လိုက်သည့် လက်လုပ်မိုင်းသည် လမ်း၏ ယာဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်ဆည်ဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် ပြည်သူတစ်ဦးကို ထိမှန်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁) ရက်ကလည်း ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့မဈေးအပြင်ဘက် အရှေ့ ဘက်တန်းရှိ ဦးသန်းထွန်းနှင့် ဦးသန်းနိုင်တ့ို ပိုင်ဆိုင်သည့် ရွှေဆိုင် ၂ ဆိုင်ကို PDF အဖွဲ့ဝင်များမှ ဓားပြတိုက်မှု ဖြစ်ပွါးခဲ့သည်။

 

#PeopleMedia


Share this post