• Follow Us on

Home ကျောက်ဆည်မြို့နယ်တွင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌနှင့် ဇနီးကို PDF သတ်ဖြတ်

ကျောက်ဆည်မြို့နယ်တွင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌနှင့် ဇနီးကို PDF သတ်ဖြတ်

Share this post

နေပြည်တော်၊ မေ ၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာအုပ်စု၊ အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာသွား လမ်းမပေါ်တွင် သင်ပျိုကျေးရွာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌနှင့် ၎င်း၏ဇနီးဖြစ်သူ တို့အား PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

 

ဇွန်လ (၆)ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် နေထိုင်သည့် သင်ပျို လူမှုကူညီ ရေးအသင်း ဥက္ကဋ္ဌဖြစ်သူ အသက် (၅၅)နှစ်အရွယ်ရှိ ဦးသိန်းဆွေ (ခ) ဦးဗူးလွယ်နှင့် ၎င်း၏ ဇနီး အသက် (၅၃)နှစ်အရွယ်ရှိ ဒေါ်သက်နွယ်တို့သည် သင်ပျိုကျေးရွာမှ ကျောက်ဆည်မြို့သို့ ဆေးခန်းပြရန် Wave-125 အနက်ရောင်ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည်။

 

ယင်းသို့ သွားရောက်ခဲ့ပြီး နေ့ခင်း (၁)နာရီခန့်တွင် ကျောက်ဆည်မြို့မှ သင်ပျိုကျေးရွာသို့ ပြန်လာစဉ် အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာကြား ဇရပ်အနီးသို့ အရောက်တွင် PDF အဖွဲ့ဝင် နှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းဆွေတွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲနောက်စိ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲနောက်ကျော ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲရင်အုံဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်သက်နွယ်တွင် ဝဲဘက်လည်ပင်း ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက်ယာဘက် ဖောက်ဝင်ဒဏ်ရာ (၁)ချက် စသည့် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာတွင် အခင်းဖြစ်ပွါးသည့် နေရာအနီးမှ 9-MM ကျည်ခွံ (၇)ခုအား သိမ်းဆည်းရရှိခဲ့ပြီး ဦးသိန်းဆွေတို့ မောင်းနှင်လာသည့် Wave-125 အနက်ရောင်ဆိုင်ကယ်အား PDF အဖွဲ့ဝင်များမှ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post