ကျောက်ဆည်မြို့နယ်တွင် ကျပ် ၂၉၃၄ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
PUBLISHED - August 16, 2024
နေပြည်တော်၊ ဩဂုတ် ၁၆
ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၂၉၃၄ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာရှိ ကျော်စွာလင်း(ခ)ဂွကြီး၏ နေအိမ် ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းမှ CAUSTIC SODA ၆၀၀၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၇၀၀)၊ CITRIC ACID MONOHYDRATE ၄၅၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃နာရီ အချိန် အဆိုပါ ဓာတုပစ္စည်းများ လာရောက်ပို့ဆောင်သူ သိန်းဝင်း အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ကျော်စွာလင်း(ခ)ဂွကြီး(၃၀)နှစ် နှင့် သိန်းဝင်း(၅၄)နှစ်တို့အား ကျောက်ဆည်မြို့မ ရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia