• Follow Us on

Home ကျောက်ဆည်မြို့နယ်၌ နေအိမ်တွင်ထိုင်နေသည့် သားအဖ ၂ ဦးအား PDF မှ လာရောက်သတ်ဖြတ်

ကျောက်ဆည်မြို့နယ်၌ နေအိမ်တွင်ထိုင်နေသည့် သားအဖ ၂ ဦးအား PDF မှ လာရောက်သတ်ဖြတ်

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာ နေအိမ်တွင် ထိုင်နေသည့် သားအဖ ၂ ဦးအား ယမန်နေ့ ညပိုင်း ၈ နာရီဝန်းကျင်အချိန်က PDF များက လာရောက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနေ ဦးတင်လှိုင်၊ ၇၅ နှစ်နှင့် ၎င်း၏ သားဖြစ်သူ ဦးမြင့်ဇော် ၄၄ နှစ်တို့သည် နေအိမ်ခြံဝင်းအတွင်း ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် PDF အကြမ်းဖက်သမား ၅ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ပြီး ဓါးဖြင့်ပါ ခုတ်သွားခဲ့သဖြင့် ဦးတင်လှိုင်မှာ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ဦးမြင့်ဇော်တွင် ဒဏ်ရာများရရှိခဲ့၍ ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားကြောင်း သိရသည်။

 

#PeopleMedia


Share this post