ကျောက်ဆည်မြို့နယ် တိ/မွေးကုလက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်ခတ်ခံရ

PUBLISHED - November 2, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မြို့နယ် တိ/မွေးကု လက်ထောက်ညွှန် ကြားရေးမှူး ၁ ဦး ယနေ့ နံနက်ပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မြို့နယ်တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်မင်းဦးသည် တံစိုး ဂိတ်ရက်ကွက်တွင် ဖွင့်လှစ်ထားသော ၎င်း၏ဆေးဆိုင်ကို သွားရောက်စဉ် အမျိုးသား ၂ ဦးမှ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့သဖြင့် ဒေါက်တာကျော်မင်းဦးမှာ ဝဲဘက်ကျောပြင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသည်။
#PeopleMedia