• Follow Us on

Home ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာရှိ လုံခြုံရေးကင်းတဲအား PDF မှ လာရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးအပါအဝင် ၃ ဦး သေဆုံး

ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာရှိ လုံခြုံရေးကင်းတဲအား PDF မှ လာရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးအပါအဝင် ၃ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာရှိ လုံခြုံရေးကင်း တဲအား ယမန်နေ့ ည ၁၀ နာရီခွဲအချိန်က PDF အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ရာအိမ်မှူး အပါအဝင် အမျိုးသား ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ တောင်ဘက်ထိပ်အပေါက် ကင်းတဲတွင် ကုန်းကျယ်ကျေးရွာ အမကကျောင်းအုပ် ဦးဆန်းဦး ၅၉နှစ်၊ လက်ပန်ကျေးရွာနေ ရာအိမ်မှုး ဦးမျိုးမြင့်အောင် ၄၃နှစ်၊ ဦးကျော်ဦး ၅၀နှစ်၊ ဦးကိုအောင် ၄၂နှစ်၊ ဦးစန်းအောင် ၄၅ နှစ်၊  ဦးနေမျိုးထိုက် ၃၅နှစ်၊ ဦးဇော်ထက် ၃၈နှစ်နှင့် ဦးဟန်မင်းသိန်း ၃၁နှစ်တို့ လုံခြုံ ရေးကင်းဆောင်ရွက်နေစဉ် PDF အဖွဲ့မှ ရောက်ရှိလာပြီး သေ နတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဆန်းဦးတွင် ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးမျိုးမြင့်အောင်တွင် လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးကိုအောင်တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်တို့ဖြင့် ပစ်ခတ်ခံရသည့် နေရာ တွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post