ကျောက်တန်းမြို့တွင် မွေးစားသမီးဖြစ်သူကို ပထွေးမှ သားမယားပြုကျင့်

PUBLISHED - February 13, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ ဆိပ်ကြီးကွင်း(ကျူးတဲစု)၊ အနောက်ပိုင်းရပ်ကွက်ရှိ သုဿာန်ဘေးတောထဲသို့ ထင်းခုတ်ရာခေါ်ဆောင်ပြီး မွေးစားသမီးဖြစ်သူကို ပထွေးဖြစ်သူမှ သားမယားပြု ကျင့်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ဒေါ်စန်းသီတာမှ ကျောက်တန်းမြို့မဈေးတွင် ငါးရောင်းနေ စဉ်အတွင်း ထိုအမျိုးသမီး၏နောက်ယောက်ကျားဖြစ်သူ ချစ်ဦးမှ အသက်(၆) နှစ်အရွယ် မွေးစားသမီးဖြစ်သူကို ထင်းခုတ်ရာတွင် သင်္ချိုင်းကုန်းဘေးရှိ တောထဲသို့ မော်တော်ဆိုင်ကယ်ဘေးတွဲဖြင့် ကလေးငယ်ကို ခေါ် ဆောင်ပြီး သားမယားပြုကျင့်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဒေါ်စန်းသီတာမှ ထိုနေရာသို့ လိုက်သွားပြီး မွေးစားသမီး ဖြစ်သူမှာ မော်တာ်ဆိုင်ကယ်ဘေးတွဲအနီးတွင် ရပ်နေသည်ကိုတွေ့ပြီး မေးမြန်းရာတွင် ပြောကြားခဲ့ကြောင်း သိရ သည်။
ထိုသားမယားပြုကျင့်သူ အသက် (၅၄) နှစ်အရွယ် ချစ်ဦးကို ကျောက်တန်းမြို့မရဲစခန်းမှ (၁/၂၀၂၄) (ပ) ၁၇/၂၀၂၄၊ရာဇသတ်ကြီး ပုဒ်မ-၃၆၇/၃၇၆ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးကြောင်း သိရသည်။
Photo – Credit
#PeopleMedia