• Follow Us on
Latest News

Home ကျောက်တန်းမြို့တွင် သားအဖနှစ်ဦး ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရ

ကျောက်တန်းမြို့တွင် သားအဖနှစ်ဦး ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ငွေသောင်ယံ ၂၊ နှင်းဆီ လမ်းရှိ နေအိမ်တစ်လုံးတွင် သားအဖနှစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့တွင် သမီးဖြစ်သူ မသီတာနှင်းမှာ ဖခင်၏ နေအိမ်သို့ရောက်ရှိပြီး နေအိမ် တွင် သတ်ဖြတ်ခံရသည့် မောင်ဖြစ်သူနှင့် ဖခင်ဖြစ်သူူတို့၏ ရုပ်အလောင်းများတွေ့ရှိသောကြောင့် အဒေါ်ဖြစ်သူ ဒေါ်အေးအေးအောင်ကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများရောက်ရှိလာပြီး ဖခင်ဖြစ်သူ အသက် (၆၄) နှစ်အရွယ် ဦးစိန်မြမှာ နေအိမ်၏ အောက်ထပ်လှေကားတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး၊ မောင်ဖြစ်သူမှာ အသက် (၂၂) နှစ်အရွယ် ဖေ သင်းမြတ်မှာ နေအိမ်၏နောက်ဖေးအိမ်သာရှေ့ဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ထိုနေ အိမ်မှာ သားအဖနှစ်ဦးသာ နေသည့်အိမ်ဖြစ်ကြောင်း သိရသည်။

 

ထိုသားအဖနှစ်ဦးကို မည်သူများမှ သတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း၊ ဖေသင်းမြတ်၏ ဖုန်းကို သတ်ဖြတ်သွားသူများမှ ယူဆောင်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post