ကျောက်တော်မြို့ရှိ AA စစ်သွေးကြွ အဖွဲ့ဝင်များ၏ စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း၊ AA အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးသူ များပြား

PUBLISHED - October 11, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ AA စစ်သွေးကြွ အဖွဲ့ဝင်များ၏ စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၁၀)ရက် ညနေ (၄)နာရီ (၂၅)မိနစ်အချိန်က ကျောက်တော်မြို့ရှိ AA စစ်သွေးကြွ အဖွဲ့ဝင်များ၏ စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
AA စစ်သွေးကြွ အဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်နေချိန် သတင်းအတိအကျရရှိမှုကြောင့် တပ်မတော် အနေဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် AA စစ်သွေးကြွ အဖွဲ့၏ အကြီးပိုင်း အရာရှိများလည်း ပါဝင်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် AA စစ်သွေးကြွ အဖွဲ့ဝင် (၁၅)ဦး သေဆုံးခဲ့ပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia