• Follow Us on
Latest News

Home ကျောက်တံခါးမြို့တွင် ကိုးတန်းကျောင်းသူတစ်ဦး (၇) လဝန်းကျင်ကြာပျောက်ဆုံးနေ

ကျောက်တံခါးမြို့တွင် ကိုးတန်းကျောင်းသူတစ်ဦး (၇) လဝန်းကျင်ကြာပျောက်ဆုံးနေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ စိချောင်းအိုင်ကျေးရွာတွင် နေထိုင်သည့် ကိုတန်းကျောင်းသူတစ်ဦးမှာ စာလုပ်ရန်အတွက် တစ်ရွာထဲနေသူငယ်ချင်းအိမ်သို့ သွားရာတွင် (၇) လဝန်းကျင်ကြာပျောက်ဆုံးနေကြောင်း မိသားစုဝန်များထံမှ သိရသည်။

 

ထိုကျောင်းသူမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် စာလုပ်ရန်အ တွက် တစ်ရွာထဲနေသူငယ်ချင်းအိမ်သို့ လမ်းလျောက်သွားရာ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အ ထိ သတင်းအချက်အလက်များမရရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

 

“သူငယ်ချင်းအိမ်မှာ စာလုပ်မို့ဆိုပြီး လမ်းလျောက်သွားတာ။ ပြန်မလာတော့ သွားမေးတော့ မလာဘူးပြောတယ်။ ပျောက်တာက ၂၀၂၄ ခုနှစ် ၉ လပိုင်းကပျောက်သွားတာ။ ကျောင်းကလည်း ရွာမှာဘဲတတ်တာ။ ရွာမှာကအ ထက်တန်းထိရှိတယ်။ လူလိမ်တွေနဲ့တွေ့သေးတယ်။ ပိုက်ဆံ သုံးသိန်းလွှဲပေးဖို့။ အဲ့ဒါ ကလေးနဲ့ဖုန်းပေးပြောလို့ ကလေးနေကောင်း၊ ကျန်းမာလားမေးမို့လို့ ပြောတာ။ သူက ပေးမပြောဘူး။ ကိုယ်တွေက ကလေးကိုစောင့်ရှောက်ထား တော့ သုံးသိန်းမဟုတ်ဘူး။ ငါးသိန်း တောင်လွှဲပေးမို့ အဲ့ဒါသူက ဖုန်းပေးမပြောဘူး။ သူပြောတာက နယ်စပ်ကနေလာပို့ရမှာတဲ့။ အဲ့ထဲကဖုန်းမဆက်တော့ဘူး။ ရဲစခန်းကိုတော့ တိုင်ထားတယ်။ ခုချိန်ထိဘာသတင်းမှ မရသေးဘူး” လို့ ပျောက်ဆုံးနေသည့် ကျောင်းသူတစ်ဦး၏ ဆွေမျိုးတော်စပ်သူတစ်ဦးမှ People Media သို့ပြောသည်။

 

အဆိုပါပျောက်ဆုံးနေသည့် ကိုးတန်းကျောင်းသူမှာ အသက် (၁၅) နှစ်အရွယ် မဇင်မင်းကျော်အား မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက ဖုန်း ၀၉-၈၉၈၂၆၄၈၈၃ ၊ ၀၉-၆၆၆၂၈၈၅၇၅ တို့အား ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Photo – Credit

#PeopleMedia


Share this post