• Follow Us on

Home ကျောက်တံခါးမြို့တွင် ရာအိမ်မှူးတစ်ဦး၏ နေအိမ်ခြံဝန်းအပြင်ဘက်တွင် ပေါက်ကွဲမူဖြစ်ပွား

ကျောက်တံခါးမြို့တွင် ရာအိမ်မှူးတစ်ဦး၏ နေအိမ်ခြံဝန်းအပြင်ဘက်တွင် ပေါက်ကွဲမူဖြစ်ပွား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ တောကျွဲအင်း(အောင်မြင်) မြို့၊ အောင်ဇေယျ(၁) ရပ်တွင်နေထိုင်သည့် ရာအိမ်မှူးတစ်ဦး၏ နေအိမ်ခြံဝန်းအပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် (၉) နာရီဝန်းကျင်တွင် အောင်ဇေယျ(၁) ရပ်ကွက်တွင် နေထိုင်သည့် ရာအိမ်မှူး တစ်ဦး နေအိမ်ခြံဝန်းဘေးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေး တပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုစစ်ဆေးရာတွင် နေအိမ်အပြင်ဘက်ရှိ ငှက်ပျောပင်ခြေရင်းတွင် ရီမုဖြင့်ဖောက်ခွဲထားသည့် Power ဓာတ်ခဲအ သေး (၉) လုံး၊ အနီရောင်ကီးပက်ဖုန်းကာဘာ အပိုင်းအစများတွေ့ရှိကြောင်း၊ ထိုပေါက်ကွဲမူကြောင့် ပြတင်း ပေါက်မှန် ၅ ချပ်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post