• Follow Us on
Latest News

Home ကျောက်တံခါးမြို့တွင် KNU/PDF များမှ Drop ဖြင့် ပစ်ချရာ အမျိုးသမီး (၂) ဦး သေဆုံးပြီး ကလေး(၁) ဦး ဒဏ်ရာရ

ကျောက်တံခါးမြို့တွင် KNU/PDF များမှ Drop ဖြင့် ပစ်ချရာ အမျိုးသမီး (၂) ဦး သေဆုံးပြီး ကလေး(၁) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ သူဌေးကုန်းကျေးရွာသို့ KNU/PDF များမှ နေအိမ်ပေါ်သို့ Drop ဖြင့်ပစ်ချရာ အမျိုးသမီး(၂)ဦးသေဆုံးပြီး ကလေး(၁) ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၉ ရက် ညနေ ၅ နာရီကျော်တွင် အမြင့်မီတာ ၅၀၀ ခန့်မှ Drop Bomb ၁ လုံးဖြင့် သူဌေးကုန်း ကျေးရွာသို့ KNU/PDF များမှ ပစ်ချရာ ထိုကျေးရွာရှိ ဒေါ်ညို၏နေအိမ်သို့ ကျရောက်ပေါက်ကွဲပြီး ထိုအမျိုးသမီး အပါအဝင် (၂) ဦးသေဆုံးပြီး ကလေး(၁) ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ထို Drop Bomb မှာ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ သေဆုံးသူ (၂) ဦးမှာ အသက်(၆၀) နှစ်အရွယ် ဒေါ်ညို မှာ ဘယ်ဘက် နှင့် ညာဘက်ခြေသလုံးကျိုးကြေပြုတ်ထွက်ဒဏ်ရာ၊ နောက်ကျောပြင်ပွင့်ထွ က် ဒဏ်ရာများ၊ အသက်(၃၁)နှစ်အရွယ် ဒေါ်အိအိမော်မှာ ညာဘက်ခြေကျင်းဝတ်ကျိုးကြေဒဏ်ရာ၊ ဘယ်ဘက် ခြေသလုံး ကျိုကြေဒဏ်ရာ၊ ဝမ်းဗိုက်အောက်ဘက်ဖောက်ဝင်ဒဏ်ရာတို့ရရှိပြီး သေဆုံးသွားကြောင်း၊ ဒဏ်ရာ ရရှိသည့် အသက်(၂) နှစ်အရွယ် မောင်ဟိန်းသူရအောင်မှာ ဘယ်ဘက်နှင့် ညာဘက်ခြေသလုံးပေါက်ပြဲ ဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်လက်မောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်တို့ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post